Friday, December 12, 2008

Spray Paint Art






Romeက Trevi Foutain ကိုသွားတုန်က လမ်းမှာ တွေ့တဲ့ မှုတ်ဆေးနဲ့ပန်းချီဆွဲနေတဲ့ ပုံပါ။ စိတ်ဝင်စားစရာ အရမ်းကောင်းပါတယ်။ တချက်ကလေးမှ တွေဝေမနေပဲ ဆေးဘူးကို လှုပ်လှုပ်ပြီး တရှူးရှူးနဲ့ဖြန်းနေတာပါပဲ။ နောက်ဂြိုဟ်ပုံ၊ လခြမ်းပုံလေးတွေ ကပ် ဆေးတွေတရှူးရှူးထပ်ဖြန်း။
လိုအပ်ရင် သတင်စာစက္ကူလေးဆုပ်ပြီး ပန်ချီကားပေါ်တို့၊ နောက်ဆေးတွေထပ်ဖြန်းနဲ့ လက်ကလေးတွေ သွက်သွက်လှုပ်ရှာနေတာ ငါးမိနစ်လောက်အကြာမှာ ဆေးရောင်တောက်တောက်နဲ့ လှပတဲ့ပန်းချီကားလေးတွေရပါတယ်။ တချက်ကလေးမှ မစဉ်စားပဲ တဗြတ်ဗြတ်နဲ့လုပ်ကိုင်နေတာကြည့်ရတာ မျက်လှည့်ပြနေသလိုပါပဲ။ ကြည့်လို့ကောင်းသလို ချီးကျူးစရာလည်းကောင်းပါတယ်။ တကယ်တော့ video ရိုက်ခဲ့ချင်ပေမဲ့ memory stick က space သိပ်မကျန်တော့လို့ ဓာတ်ပုံပဲရိုက်ဖြစ်ခဲ့ပါတယ်။

No comments: